မော်ဒန်ပန်းချီနဲ့ခေတ်ပြိုင်ပန်းချီတွေကို ရေးဆွဲနေတဲ့ ပန်းချီဆရာစံမင်းရဲ့ လက်ရာ မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုအကြောင်းတွေကို ဖော်ညွှန်းရေးဆွဲထားတဲ့ ၁၂ကြိမ်မြောက် တစ်ကိုယ်တော်ပြပွဲကို Think Art Gallery မှာမတ်လ ၉ရက်နေ့ကနေ ၁၄ရက်နေ့ထိပြသနေပါတယ်။