မြန်မာ့နိုင်ငံရေးရဲ့ မိုးကြမ်းလေကြမ်းကာလတွေမှာ အရေးပါတဲ့ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ အနီးကပ်အလုပ်လုပ်ခဲ့သူ နိုင်ငံရေးသမားကြီး သခင်တင်မြဟာ အသက် ၉ဝအရွယ်မှာ ရန်ကုန်မြို့က သူ့ရဲ့နေအိမ်မှာဖေဖော်ဝါရီ ၂၈ရက်နေ့က လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ ရန်-ငါစည်းပြတ်တဲ့ မြန်မာနိုင်ငံရေးဓလေ့မှာ ထိပ်သီးပါတီအဖွဲ့အစည်းတွေမှာ ပါဝင်ခဲ့တဲ့ ဝေဖန်မှုအများဆုံးခံခဲ့ရသူ သခင်တင်မြဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ။