MFP Daily News - မေ(၁၀)ရက် စစ်ကိုင်းတိုင်းသတင်းများ

MFP Daily News - မေ(၁၀)ရက် စစ်ကိုင်းတိုင်းသတင်းများ

Mandalay Free Press - MFP

54 года назад

181 Просмотров

မင်္ဂလာပါခင်ဗျာ၊ ဒီကနေ့ မေ(၁၀)ရက်အတွက် စစ်ကိုင်းတိုင်း အတွင်းက သတင်းအချိုကို ကောက်နှုတ် တင်ဆက် ပေးပါမယ်။

၁။ စစ်ကိုင်းတိုင်း ကနီမြိုနယ် ရေလယ်ကျွန်းရွာမှာ တပ်စွဲထားတဲ့ စကစနဲ့ပျူတွေကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲတွေက တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုဘက်ကလည်း ရဟတ်ယာဉ်နဲ့ ငါးခေါက် လာရောက် ပစ်ခတ်တဲ့အတွက် ပြန်လည်ဆုတ်ခွာ ခဲ့ရတယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ထုတ်ပြန်ပါတယ်။ ဒီကနေ့ မေ(၁၀)ရက် မနက်(၈)နာရီလောက်က စတင်တိုက်ခိုက်ရာ အချိန်လေးနာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စကစနဲ့ ပျူတွေ အထိနာနေချိန် နေ့လယ်(၁၂)နာရီဝန်းကျင်မှာတော့ စစ်အုပ်စုဘက်က ရဟတ်ယာဉ်နဲ့ ငါးခေါက်အထိ လေကြောင်းပစ်ကူ လာရောက်တိုက်ခိုက်ခဲ့တယ်လို DRPA က ဆိုပါတယ်။ အဲ့ဒီတိုက်ပွဲမှာ DRPA တပ်ဖွဲဘက်က ရဲဘော်တစ်ဦး ယမ်းစထိမှန်ပြီး ဒဏ်ရာရရှိခဲ့ပြီး စစ်အုပ်စုဘက်က အသေအပျောက် များနိုင်တယ်လို့ ထုတ်ပြန်ပါတယ်။ အဲဒီတိုက်ခိုက်မှုကို DRPA ၊ KPDF 1 ၊ KLG PDF ၊ နှလုံးလှလူမိုက်ကြီးများ(မြင်းခြံ)၊ M&K The Boyes ၊ Childwin Dragon ၊ ကနီမြိုနယ်အဖွဲ၊ ကနီမြိုနယ် ပကဖ နဲ့ တပ်ပေါင်းစုမဟာမိတ်တွေ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

၂။ ပုလဲမြိုနယ်မှာ စကစနဲ့ ပျူစောထီးတို အထိုင်ချ တပ်စွဲထားတဲ့ ဇီးဖြူကုန်းရွာကို ဗိုလ်နဂါးဦးဆောင်တဲ့ MRDA တပ်ဖွဲအပါအဝင် ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲတွေက စီးနင်းတိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက ရဟတ်ယာဉ်နဲ့ လေကြောင်းပစ်ကူတဲ့အတွက် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီကနေ့ မေ(၁၀)ရက် နေ့လယ် (၁)နာရီခန့်က ဇီးဖြူကုန်းရွာ ပျူးစခန်းကို PDF ပူးပေါင်းတပ်ဖွဲတွေက အင်အား အလုံးအရင်းနဲ့ စီးနင်းတိုက်ခိုက်ခဲ့တာပါ။ PDF တွေက ပျူစခန်းကို ဝိုင်းပိတ်တိုက်ခိုက်နေချိန် မုံရွာ (နမခ) ကနေ ရဟတ်ယာဉ်နဲ့ လာရောက်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ PDF တပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာ ခဲ့ရတာလို့ ဆိုပါတယ်။

၃။ စစ်ကိုင်းမြိုနယ် ကုန်းတန်းကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ဝင်ရောက်ပစ်ခတ်လို ကလေးငယ် လေးဦး ထိခိုက်ဒဏ်ရာရရှိပြီး ဒေသခံ (၂၀)ကျော် ဖမ်းဆီးခံရတယ်လို နီးစပ်သူတွေက ပြောပါတယ်။ မနေ့ မေ(၉)ရက် မနက်ပိုင်းက စစ်ကောင်စီဟာ စစ်ကိုင်းမြိုနယ် မအူပင်ရွာအုပ်စု ကုန်းတန်းလေးရွာကို ဝင်ရောက်ပြီး လက်နက်ကြီးနဲ့ ပစ်ခတ်ရာ ကလေးငယ် လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အုပ်စုရဲ့ မီးရှိဖျက်ဆီးမှုကြောင့် ဓမ္မာရုံအနီးရှိ နေအိမ် လေးလုံး မီးလောင်ပြာကျခဲ့ပြီး အကြမ်းဖက် စစ်အုပ်စုက ဒေသခံ အရပ်သားပြဘ်သူ (၂၀)ကျော်ကိုပါ ဖမ်းဆီးထားတာလို့ ဒေသခံတွေက ပြောပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #MFPDailyNews #တနေ့တာစစ်ကိုင်းတိုင်းသတင်း

Тэги:

#Mandalay_Free_Press #MFP #Mandalay #Myanmar #Sagaing_Region #MFP_Daily_News #Reject_Military_Coup #Burma_People_Revolution #Military_Coup_in_Myanmar #Sagaing #Revolution #Spring_Revolution_Myanmar #WhatshappeninginMyanmar #PDF #People_Defense_Force #LPDF #EAOs #Pale_PDF
Ссылки и html тэги не поддерживаются


Комментарии: